2TI intro

၂ တိမောသေ

3.0

၂ တိမောသေ

တိမောသေဟှို ပေါလုရဲ့ ဒုတိယပေးစာ

နိဒါန်း

တိမောသေဟှို ပေါလုရဲ့ ဒုတိယပေးစာဟှာ တမန်တော် ပေါလုဟှနေ သူ့တဗဲ့ တိမောသေဟှို ရေးဟှားဟှူ ဒုတိယပေးစာ ဖြစ်ဟှယ်။ အယ်ပေးစာဟှာ ပေါလုရဲ့ ဘဝနိဂေါင်းချောက် ခါနီးမာ ရေးဟှားလေဟှယ်။ သူဟှာ အယ်ခီဒူးဟှ ရောမဗြို့မာ ထောန်က္လနေလေဟှယ် (၁.၁၆)။ ပေါလုဟှာ တိမောသေန ရင်းနှီးဟှူ ပေါန်းသင်းဆစ်ဆံမှုရှိဘီး သူ့ဟှိုလည်း သားတယော့‑က်ဖြစ် ခါဘီးခါ ရည်ညွှန်းဟှားလေဟှယ် (ဖိ ၂.၂၂; ၁ တိ ၁.၂; ၁.၁၈)။

အယ်ပေးစာဟှာ သင်းတော်ဟှို လိစာတပ်ဘဲန လူပေါက်ကိုဟှို လိစာတပ်ဟှားဘီး ပေါလုဟှနေပေးဟှားဟှူ ပေးစာလေးစောန်ထဲဟှ တစောန်ဖြစ်ဟှယ်။ တခြားပေးစာ သောင်းစောန်ဟှ ၁ တိမောသေ၊ တိတုန ဖိလေမုန်ဖြစ်ဟှယ်။ တိမောသေ ဒုတိယပေးစာဟှို ရေးဟှူခီဟှာ ရောမအင်ပါယာထဲမာရှိဟှူ ခရစ်ယာန်လေဟှို ညှဉ်းဆဲနေဟှူ ခီဖြစ်လေဟှယ်။ အယ်ပေးစာဟှ ပေါလုဟှာ ထောန်က္လနေဘီး ခတ်ခဲမှုဟှို သီးခံဟှို့တွပ် တိမောသေဟှို ညွှန်ကြားနေဟှယ် ဆိုဘီး ယူဆနိုင်လေဟှယ်။ တိမောသေ ပထမပေးစာမာမျိုးဘဲ့ ပေါလုဟှာ ဆရာတုယောန်လေန ပတ်သတ်ဘီး တိမောသေဟှို ဘောင်ဂီးဒိပေးဟှားလေဟှယ် (၁ တိ ၁.၁၆–၁၈)။ သူဟှာ တိမောသေဟှို ဆစ်ဘီးလည်း ခတ်ခဲဟှူ ကာလဟှာ ဖြစ်လာအူးမယ် ဆိုဘီး ပြောဟှားလေဟှယ် (၃.၁)။

ကြောန်းရာ ကျဉ်းချောက်

၁။ ပေါလုဟှာ တိမောသေဟှို နှော့‑က်ဆစ်ဟှားဘီးန (၁.၁–၂) သူ့ဟှို အားပေးရှင်းအားဖြင့် စပြုဟှားဟှူကြောန်း (၁.၃–၁၈)

၂။ သူဟှာ တိမောသေဟှို သီးခံဟှို့တွပ် ညွန်ကြားဟှားဟှူကြောန်း (၂.၁–၁၃)

၃။ သူဟှာ တိမောသေဟှို ထွေထွေ ညွှန်ကြားချစ်တချို့ဟှို ပေးဟှားဟှူကြောန်း (၂.၁၄–၂၆)

သူဟှာ နာဂတ်မာ ဖြစ်ပျစ်လာဟှို့ဇာန ပတ်သတ်ဘီး မှန်ဟှူနည်းလမ်းန ခုခံနိုင်ဟှို့တွပ် သူ့ဟှို ဒိပေးဟှားဟှူကြောန်း (၃.၁—၄.၈)

၄။ ပေါလုဟှာ တိမောသေတွပ် ပေါက်ကိုရေးန ဆိုင်ဟှူ မှတ်ချစ်တချို့န နိဂေါင်းချောက်ဟှားဟှူကြောန်း (၄.၉–၂၂)