1CO intro

၁ ကောရိန္သု

3.0

၁ ကောရိန္သု

ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာ

နိဒါန်း

ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာဟှာ ခရစ်တော် မွီးဘီးန ၅၅ ခုနှစ်လော့‑က်ဟှ တမန်တော် ပေါလုဟှ ရေးဟှားလေဟှယ် (၁.၁)။ အယ်စာဟှာ ကောရိန့်ဗြို့မာရှိဟှူ သင်းတော်ဟှို ပေါလုရေးဟှူ ပေးစာနှေ့စောန်ထဲဟှ ပထမစောန် ဖြစ်ဟှယ်။ သူဟှာ မာကေဒေါနိပြည်ဟှို ဖြတ်ဘီး ကောရိန့်ဗြို့ဟှို ရော့‑က်လာခန် ဧဖက်ဗြို့မာ နေနေဒူး အယ်စာဟှို ရေးဟှားဇာ ဖြစ်နိုင်ဟှယ် (၁၆.၅–၉)။

အယ်စာဟှာ သင်းတော်ထဲမာ ကွဲပြားမှုလေ၊ တရားဘဲဟှူ မေထုန်မှုလေန ကောန်းဘဲဟှူ ကျင့်လေဘောန်းဇောင်ကြောန်းဟှို ရေးဟှားဟှူစာဟှို သင်းဝမ်သူ တချို့နားဟှနေ ပေါလုဟှ လတ်ခံရရှိဟှူကြောန့် ပ္လန်ဘီးဖြေရှင်းဟှားဇာ ဖြစ်လေဟှယ်။ ကောရိန့်ဗြို့ဟှာ တရားဘဲဟှူ မေထုန်န ပတ်သက်ဘီး နာမယ်ကီးဟှူကြောန့် အယ်သင်းတော်မာ အယ်မျိုးပြဿနာန ရင်ဆိုင်နေရဇာဟှာ အံ့ဩဇာ မှေ့ဟှ။ ကောရိန္သု သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာမာလည်း မြစ်တာန ပတ်သက်ဘီး ထန်ရှားဟှူ ခန်းလေ ပါဝမ်လေဟှယ် (၁၃)။

ကြောန်းရာ ကျဉ်းချောက်

၁။ ပေါလုဟှာ ကောရိန္သု သင်းတော်ဟှို နှောက်ဆစ်ဘီးန သူးနို့တွပ် ဘုရားသခင်ဟှို ချီးမွမ်းဟှားဟှူကြောန်း (၁.၁–၉)

၂။ သူဟှာ ကောရိန္သု သင်းတော်ထဲမာ ကွဲပြားမှုလေန ပတ်သက်ဟှူ စာဟှို လတ်ခံရရှိဟှူကြောန့် ပ္လန်ဘီး ဖြေရှင်းဟှားဟှူကြောန်း (၁.၁၀—၄.၂၁)

၃။ သူဟှာ တရားဘဲဟှူ မေထုန်ပြဿနာန တရားစီရင်ဟှို့တွပ် ပ္လန်ဘီး ရှင်းပြဟှားဟှူကြောန်း (၅.၁—၆.၂၀)

၄။ အယ်ဘီးမှ သူဟှာ လတ်ထတ်ရှင်းကြောန်း၊ ရောက်ထုဟှို ပူဇော်ပသရှင်းကြောန်း၊ ဝတ်ပြုကိုးကွယ်ရှင်းကြောန်း၊ ဝိညာဉ်ဆုကျေးဇူးန ထမြော့‑က်ရှင်းကြောန်းန ပတ်သက်ဘီး ညွှန်ကြားဟှားဟှူကြောန်း (၇.၁—၁၅.၅၈)

၅။ နော့‑က်ဆောင်းမာ သူဟှာ လူပေါက်ကိုန ဆိုင်ဟှူဇာလေ၊ လတ်တွိ လောက်ဆောင်ရဟှို့ဇာလေန နိဂေါင်းချောက်ဟှားဟှူကြောန်း (၁၆.၁–၂၄)